အုတ်တွင်း အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.လ.က(ခွဲ)ကြက်သွန်ခင်း(၂)ကျောင်းများသို့ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ခင်မာက စာဖတ်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကလေးများအား ကိုယ်ကာယဉာဏစွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုများရရှိစေရေးရည်ရွယ်ကာ ကိုယ်လက်လှုပ် ရှားမှုများပြုလုပ်ပြီး ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများဆောင်ရွက်ကာ ကလေးငယ်များအား စာဖတ်သည့်အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)