ရှမ်းရွာသစ် အောက်တိုဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နှစ်စဉ်အစဉ်အလာမပြတ် ကျင်းပလျက်ရှိသော စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ သန္တိသုခ ဘုန်းတော်ကြီးကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူဒါယိကာ/ဒါယိကာများက ပဒေသာပင်များ၊ လှူဖွယ်ဝတ္ထုအစုစုတို့အား ကိုင်ဆောင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း လက်ယာရစ်သုံးပတ် လှည့်လည်ပူဇော်ခဲ့ပြီး အလှူရှင်များအား ကထိန်သင်္ကန်းများအား သန္တိသုခကျောင်းတိုက် ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များမှ ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းရခြင်းနှင့် အကျိုးကျေး ဇူးများအကြောင်းကို စကောကရင်၊ မြန်မာဘာသာနှစ်ဘာသာတို့ဖြင့် သံသရာမှ လွတ်မြောက် ကြောင်း တရားရေအေးအမြိုက်ဆေးတို့ကို တိုက်ကျွေးခဲ့ပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)