ကန်ကြီးထောင့် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ရေလမ်းကြောင်းဖြင့် ခရီးသွားလာနေကြသည့် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ အသက်ကယ်အင်္ကျီ ဝတ်ဆင်နည်း လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီက ဒါးကမြစ်ကမ်းဘေး ရေယာဉ်ဆိပ်များ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက အမှတ် ၁ ရပ်ကွက်၊ ဒါးကမြစ်ကမ်းဘေး စက်လှေဆိပ်နှင့် ကူးတို့ဆိပ်များတွင် ရေလမ်းကြောင်းဖြင့် ခရီးသွားလာနေကြသော ပြည်သူများ ဘေးအန္တရာယ်နှင့် ရုတ်တရက် ကြုံတွေ့လာပါက အသက်ကယ်အင်္ကျီကို စနစ်တကျ ဝတ်ဆင်တတ်စေရန် အသက်ကယ်အင်္ကျီ ဝတ်ဆင်နည်းများကို လက်တွေ့ သရုပ်ပြသခဲ့ပြီး ရေလမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာ ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)