ဘုတ်ပြင်း အောက်တိုလာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး Community Centre ခန်းမတွင် ပင်လယ်ရေသတ္တဝါမွေးမြူရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ ပင်လယ်ရေသတ္တဝါမွေးမြူရေး အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ပင်လယ်ရေသတ္တဝါမွေးမြူရေးနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online မှတဆင့် အသိပညာပေး ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များပြောကြားသည်။
ဆက်လက်၍ ဘုတ်ပြင်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစံမွှေးက ပင်လယ်ရေသတ္တဝါ မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည့် ပင်လယ်ရေမှော်မွေးမြူသူများအနေဖြင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန်မြေနေရာရွေးချယ်အသုံးပြုရာတွင် နည်းစနစ်မှန်ရွေးချယ်အသုံး ပြုနည်းများ၊ မွေးမြူမည့်ရေမှော် မျိုးရရှိနိုင်သည့်နည်းလမ်းများ၊ တစ်ဧကဧရိယာ မွေးမြူရာတွင် အသုံးပြုရမည့် မွေးမြူရေးဆိုင်ရာ ပစ္စည်းများနှင့်အသုံးပြုနည်းများ၊ ကြုံတွေ့လာနိုင်သည့် သဘာဝဘေးဆိုင်ရာအခက်အခဲများနှင့် အရွယ်ရောက်ပြီး ပင်လယ်ရေမှော် ဈေး ကွက်ရရှိမှုအခြေ အနေများ၊ ပင်လယ်ရေမှော်မွေးမြူရေးနှင့် ပတ်သက်၍ အခြားလိုအပ်သည့် အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)