ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကမမောင်း  အောက်တိုဘာ  ၁၉

ကရင်ပြည်နယ်ဖာပွန်ခရိုင် ကမမောင်းမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က ကမမောင်းမြို့ အမှတ် ၂ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင်ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦးခပ်ခွါခွါနေကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ဆိုးကြရန်၊မိမိတို့၏ နေအိမ်ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ လက်ကိုစက္ကန့်(၂၀) ကြာဆေးကြောရန်၊ တက်နိုင်သမျှ အိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခ ဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်မပျက်မကွက် ခံယူကြရန်စသည့် အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်တင်လှ(ကမမောင်းပြန်/ဆက်)