လောင်းလုံး အောက်တိုဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်နှင့် အရောင်အသွေးများခွဲခြားတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ညနေ(၃)နာရီအချိန်က စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားက၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကိုကျင်းပကာ ကျောင်းသား၊ သူများကစိတ်ပါဝင်စားစွာဖြင့် ယှဉ်ပြိုင်ကြပြီး ဦးစီးအရာရှိက အမှတ်တရပစ္စည်းလက်ဆောင်များ ပေးအပ်ခဲ့ကာ နံရံကပ်စာစောင်အား ပြသခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)