ဓနုဖြူမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဓနုဖြူ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အောင်ချမ်းသာပရဟိတ ဘုန်းတော်ကြီး သင်ပညာရေး မူလတန်း(လွန်)ကျောင်း၊ ကျောင်းခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ()နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးက စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက လူငယ်နှင့် ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်များဖြင့် ဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုသဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဌေးက မိုးရာသီတွင် ဖြစ်တတ်သောရောဂါနှင့် ဆောင်ရန် ရှောင်ရန် အစားအစာများအကြောင်း အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များ ပြသ၍ မြို့နယ်တိုင်းရင်းဆေးကုသဌာနမှ တိုင်းရင်းဆေး ကုသပေးခဲ့သည်၊ အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ/ဆရာမ (၆၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)