မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အင်္ဂလိပ် စာလုံးဆက်ပြိုင်ပွဲနှင့် ဂျင်တော့ပြိုင်ပွဲများကျင်းပ

မေတ္တာ အောက်တိုဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ လူထု​အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အင်္ဂလိပ်စာလုံးဆက်ပြိုင်ပွဲနှင့် ဂျင်တော့ပြိုင်ပွဲကို ယမန်နေ့နံနက် (၁ဝ) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်အေးအေးချိုက ကလေးများ ငယ်စဉ်ခါမှစ၍ ကလေးငယ်တွေ ကြီးပြင်းလာတဲ့အခါ ကိုယ်ရည် ကိုယ်သွေး ပြည့်ဝပြီး မိမိတို့၏ ကိုယ်ပိုင်အသိဉာဏ်များဖြင့် အရာရာကို ကျော်လွှားနိုင်စေရန်၊ အရည်အသွေးပြည့်ဝပြီး လိမ္မာယဉ်ကျေးတဲ့ ကလေးငယ်များဖြစ်လာစေရန်၊ အသိပညာဗဟုသုတများ ကြွယ်ဝပြီး အရာရာကို အကောင်း၊ အဆိုး၊ အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်​စေရန်၊ ကလေးငယ်များ အနေဖြင့် အင်္ဂလိပ်ဝေါဟာရများ ကြွယ်ဝစေရန် ကလေးများ၏ အနာဂတ်ဘဝပုံရိပ်ကို အကောင်းဆုံး ဖြစ်အောင် ကိုယ်တိုင်ဖန်တီးလျှောက်လှမ်းတတ်စေဖို့၊ နောင်တစ်ချိန်မှာ ထူးချွန်ထက်မြက်တဲ့ ကလေးငယ်များဖြစ်လာစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲများပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်စေခဲ့ရာပြိုင်ပွဲတွင် Sunday  School ကလေးငယ် (၁၈) ဦး တို့ကပါဝင် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရ လက်ဆောင်အဖြစ် ဗလာစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးချို (မေတ္တာ)