နယ်စပ်ဖြတ်​ကျော် မီးခိုးမြူ​​ငွေ့ညစ်ညမ်းမှုအန္တရာယ်အ​ကြောင်း အသိပညာပေး (Talk Show) ကျင်းပ

ရွှေဘို စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နယ်စပ်ဖြတ်​ကျော်မီးခိုးမြူ​ငွေ့ညစ်ညမ်းမှုအန္တရာယ်အ​ကြောင်း အသိပညာ‌ပေး (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ​ဒေါ်​အေးမြင့်စန်းက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ​ ဦး​အောင်ငြိမ်းစိုးက မီးခိုးမြူ​ငွေ့အဓိပ္ပါယ်နှင့် အမျိုးအစားများ၊ နယ်စပ်ဖြတ်​ကျော်မီးခိုးမြူ​ငွေ့များအ​ကြောင်း၊ မီးခိုးမြူ​​​​ငွေ့တွင် ပါဝင်သော အရာများ၊ မီးခိုးမြူ​ငွေ့ညစ်ညမ်းမှုဖြစ်​ပေါ်လာရသည့် အဓိကအ​ကြောင်းအရင်းနှင့်​နောက်ဆက်တွဲ ဆိုးကျိုးများ၊ ကျန်းမာ​ရေးပြသနာများ၊ နယ်စပ်ဖြတ်​ကျော်မီးခိုးမြူ​ငွေ့ဆိုင်ရာ အာဆီယံသ​ဘောတူညီချက်များ၊ အ​ကောင်အထည်​ဖော်​ဆောင်ရွက်ရမည့် ဌာနများစသည်တို့ကို အကျယ်တဝင့်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် အသိပညာ‌ပေး ‌Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Page တွင်စဉ်ဆက်မပြတ် စီစဉ်တင်ဆက်​ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)