ရွှေကျင် အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲနှင့် ရန်ပုံငွေထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အနောက်ဘက်ကျေးရွာ ရန်ကုန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာနဦးစီးမှူး၊ အနောက်ဘက်ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တောင်သူများ တက်ရောက်ကြသည်။
ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမင်းသူက စားသုံးဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)လုပ်ငန်းအဖွဲ့ဝင်များက သီးညှပ်နေကြာစိုက်ဧက ၂၁၁ ဧကစိုက်ပျိုးမည့် အနောက်ဘက်ကျေးရွာရှိ တောင်သူ ၅၂ ဦးသို့ စုစုပေါင်းငွေကျပ်သိန်း ၂၀၀ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)