ဒိုက်ဦးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

ဒိုက်ဦး အောက်တိုဘာ ၁၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ညောင်လေးပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအောင်ကြီးက အမှာစကားပြောကြားပြီးနောက် ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးတင်ထွဋ်မြင့်က ဆက်လက်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်မြင့်ထွန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပရာ ခရိုင်ဦးစီးမှူးဦးအောင်ကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးတင်ထွဋ်မြင့်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးတို့က မင်္ဂလွန်းကျေးရွာအုပ်စု၊ ခမွန်မြန်မာစုကျေးရွာအတွက်ကျပ်သိန်း ၃၀၀၊ ပနွတ်ကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာအတွက်ကျပ်သိန်း ၃၀၀၊ နတ်ကင်းကျေးရွာအုပ်စု၊ ကြီးပေါင်းစုကျေးရွာအတွက်ကျပ်သိန်း ၂၀၀၊ နတ်ကင်းကျေးရွာအုပ်စု၊ ရေလွှဲကျေးရွာအတွက်ကျပ်သိန်း ၂၀၀၊ ဒိုးတန်းကျေးရွာအုပ်စု၊ တောင်ပို့ကိုးလုံးကျေးရွာတို့အတွက်ကျပ်သိန်း ၂၀၀ အား ရန်ပုံငွေများအသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)