ရွှေကျင် အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)လမှ(၂)နှစ်အရွယ်ထိ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းနှင့်တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်မှစ၍ အနောက်ဘက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့်တိုက်ကျွေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက အနောက်ဘက်ကျေးရွာအုပ်စုအတွင်းရှိ သောင်လယ်ကျေးရွာ၊ ဝဲကြီးကျေးရွာ၊ မောင်းရုံကျေးရွာ၊ အနောက်ဘက်ကျေးရွာနှင့်မဒေါက်ကလေးကျေးရွာတို့မှ အသက်(၂)လမှ (၂)နှစ်အရွယ်ထိကလေးငယ်များအား အသည်းရောင်အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်နှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေးခြင်းနှင့် မိခင်များအား ကိုယ်အလေးချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့်ကိုယ်ဝန်ဆောင်အားဆေး တိုက်ကျွေးခြင်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)