လှိုင်းဘွဲ အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်တို့ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ်စာစောင်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က လူငယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များမွေးမြူခြင်း၊ စာပေမှရရှိလာမည့် အသိပညာဗဟုသုတများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ လူငယ်တစ်ယောက် အနေဖြင့် မိမိအနာဂတ်အတွက် ကြိုးစားအားထုတ်ခြင်းနှင့် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း Book Club အဖွဲ့ဝင်များက ဒို့ကျေးရွာဂျာနယ်မှ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော စာပေမြတ်နိုးသူချင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၏ခရီးစဉ်၊ ပြည်သူအများသိ ထားရှားကြ သည့်သမ္ဘာရှိပုဂ္ဂိုလ်များနှင့် စာရေးဆရာမောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်) ရေးသားထားသော ဒစ်ဂျစ်တယ်ကွာဟမှုကို ချိန်ဆက်ခြင်း၊ ကွန်ပျူတာနှင့်ကီးဘုတ်စွမ်းရည်မြှင့်တင်ခြင်းနှင့် နည်းပညာအသစ်အသုံးပြုရန် လူသားတို့၏စွမ်းဆောင်ရည်၊ အင်တာနက်ဖြင့် အချက်အလက်များရှာဖွေခြင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
စောဖိုးခွား(ပြန်/ဆက်)