တောင်ငူ အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်သိရှိနားလည်စေရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကလေးသူငယ်အခွင့်အရေးများကို သိရှိနားလည်များ လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များကို မှတ်သားလိုက်နာကြစေလိုကြောင်း၊ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုဖော်ဆောင်သွားနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်နီနီရွှေက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ခေါင်းစဉ်ဖြင့်လည်ကောင်း ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်