ရေဦး စက်တင်ဘာ ၁၇
ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ချမ်းသာစိုက်ပျိုးနည်းပညာပေးစခန်း(KC) နယ်မြေ တာ၀န်ခံနှင့် ၀န်ထမ်းများသည် စက်တင်ဘာ ၁၆ ရက်နေ့နံနက်ပိုင်းက (AIIP) ဖြင့် မိုးစပါး စိုက်ပျိုးထား ရှိသော ပေါက်တောကျေးရွာ မိုးစပါးစိုက်ခင်းနှင့်၊ လျှော်ဖြူကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စံပြ စိုက်ခင်းများသို့ ကွင်းဆင်း၍ ဓာတ်မြေဩဇာ လိုအပ်ချက်တိုင်းတာခြင်း၊ ပိုးမွှားကင်းထောက် မှတ်တမ်း ရယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"စိုက်ထားပြီးတဲ့ စပါးခင်းများ အောင်မြင်ဖြစ်ထွန်းကာ အထွက်နှုန်း ကောင်းမွန်စေ ရေး နဲ့ စပါးဖျက်ပိုးကျရောက်မှု ကြိုတင် ကာကွယ်ပေးနိုင်ရေး တောင်သူများနဲ့ ချိတ်ဆက် ဆောင်ရွက် ပေးလျက်ရှိပါတယ်၊ ခုလို အချက်အလက်များ ကောက်ယူရာမှာ ပိုးမွှားကျ ရောက်မှု မတွေ့ရဘဲ စိုက်ပြီး ၁၇ ရက်သားစပါးပင်ပွားနှုန်း ပျမ်းမျှ ၁၈ ပင်ထိ ပင်ပွားထွက်ရှိ နေတာ တွေ့ရတယ်၊ ပင်ပွားနှုန်းကောင်းတယ်လို့ ပြောလို့ရပါတယ်၊ အဲဒီစိုက်ခင်းမှာ နောက် သုံးရက်ခန့်ဆိုလျှင် ယူရီးယား၊ ပိုတက်ဓာဝ်မြေဩဇာ ၂၅ ကီလိုနှုန်း စတင်ကျွေးရန် တောင်သူနဲ့တိုင်ပင် စီစဉ်ထားတယ်” ဟု ချမ်းသာစိုက်ပျိုးနည်းပညာပေးစင်တာ တာ၀န်ခံ ဦးအောင် ကျော်ဦးက ရှင်းပြ၍ သိရသည်။
အလားတူ တမာတော၊ မုတ်စီ၊ ရေဦးကုန်း စိုက်ပျိုးနည်းပညာပေးစခန်း နယ်မြေရှိ မိုးစပါးစိုက်ခင်းမျိုးစေ့ထုတ် စိုက်ခင်းများ တွင်လည်း ဒေသခံတောင်သူများနှင့်အတူ ကွင်းဆင်း ၍ ဒေတာများ ကောက်ယူလျက်ရှိကြောင်း သိရသည်။
သန်းသန်း( ပြန်/ဆက် )