ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်

ဇီးကုန်း     အောက်တိုဘာ   ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့  နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စုမြတ်ထွေးနှင့် ဝန်ထမ်းများသည် အောက်တိုဘာ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ဘော်ဘင်ကျေးရွာအုပ်စု၊ အောင်စိုးမိုးကျေးရွာတွင် ဖြစ်ပွားခဲ့သော အမိုးလန်ပျက်ဆီးခဲ့သည့် နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၀,၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု(၃)စုရှိ လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၂,၃၁၀ဝိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၆၃,၁၀ဝိ/-)ကျပ်ကို ဇီးကုန်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန  မြို့နယ်ဦးစီးမှူးဒေါ်စုမြတ်ထွေးတို့က  လေဘေးသင့်အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

တင့်ဆွေ(ပြန်/ဆက်)