ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်တုန်း အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။

ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက မြို့အတွင်းနှင့် ရန်ကုန်-ပုသိမ်ကား လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များ၊ ရုံးလုပ်ငန်းဆိုင်ရာများ၊ ရုံးဌာနအဆောက်အဦများနှင့် ကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ အဖွဲ့ဝင်(၂) ဗိုလ်မှူး အောင်မျိုးသူ က လုံခြုံရေးကိစ္စရပ်များကို လည်းကောင်း၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး သီဟ‌ကျော်က မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရေး စစ်ဆေးသွားရန် ကိစ္စရပ် များကိုလည်း‌ကောင်း ဆွေးနွေးမှာကြားပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများက ဌာနနှင့် ရပ်ကွက်၊ ကျေးရွာများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့‌သည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်‌ရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)