အုတ်ဖို အောက်တိုဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၏စီစဉ်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများမှကြီးကြပ်ကာ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက အုတ်ဖိုမြို့ မြို့တော်ခန်းမရှေ့၊ အိုးသည်ကုန်းမြို့၊ အေးမြသာယာအုပ်စုတို့တွင် ကိုဗစ်-၁၉ ရောဂါအိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ-၄ နှင့် ဘီအေ-၅ တွေ့ရှိမှုများနှင့်ပတ်သတ်၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံကြရန်၊ လက်ကိုစင်ကြယ်စွာဆေးကြောရန်၊ နှာခေါင်းစည်းစနစ်တကျ တပ်ဆင်ရန်တို့ကို အသိပညာပေးခဲ့ပြီး Mask Campaign ဆောင်ရွက်မှုအဖြစ် (Mask)နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်သူ