မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန်အတွက် ငါးသားပေါက်များပေးအပ်

မိုးညို        အောက်တိုဘာ   ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန်အတွက် ငါးသားပေါက်များပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌  ပြုလုပ်ခဲ့သည်။

ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများကို ငါးသယံဇာတများတိုးပွားလာစေရန်နှင့် နှစ်စဉ်ဆက်မပြတ်ငါးထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ပေးခြင်းဖြစ်‌ကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နှစ်စဉ်ဆက်မျိုးစိုက်ထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ရန် ငါးသားပေါက်များပေးအပ်ခြင်းကို သာယာဝတီခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်းကကြီးကြပ်၍ ဖိတ်ကြားထားသောဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဂရန်အင်း ၇၅ အင်းအတွက် ငါးမြစ်ချင်း ၂ လက်မအောက်ခံ ငါးသားပေါက်ကောင်ရေ (၁၂၃၈၄၄)ကောင်တို့အား အင်းလုပ်ကိုင်သူများအား အချိုးကျလက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)