ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာ

ကော့သောင်း အောက်တိုဘာ ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယနေ့နံနက်ပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားအမျိုးသား (၁၄၈)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်းသိရသည်။

အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း)လိုင်စင်ရ အေဂျင်စီတစ်ခုဖြစ်သည့် Lovely World  Services Co,Ltd မှ ထိုင်းနိုင်ငံရှိ Sino –Thai Engine- ering & Construction Public Co,Ltd သို့ အမျိုးသားအလုပ်သမား(၁၀၀)ဦး နှင့် Champace Co,Ltd သို့အမျိုးသားအလုပ်သမား(၄၈)ဦး စုစုပေါင်းအလုပ်သမား(၁၄၈)ဦးကို (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာ ဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကာ ရန်ကုန်မြို့မှတဆင့် ကော့သောင်းမြို့သို့လေကြောင်းခရီးစဉ်ဖြင့်ခေါ်ယူခဲ့ပြီး ကော့သောင်းအပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်မှတဆင့်ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ပို့ဆောင်ပေးမည်ဖြစ်ရာ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိအဖွဲ့အစည်းများက လို့အပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင်ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံ ရှိ အလုပ်လုပ်ကိုင်မည့်ကုမ္မဏီသို့စနစ်တကျပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)