ငပုတောမြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံအဆင့်)ကြက်ခြေနီ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ငပုတော အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စမ်းချောင်းစဥ်းအိုးဖိုအုပ်စု၊ စမ်းချောင်းစဥ်းအိုးဖိုကျေးရွာတွင် ရှေးဦးပြုစုခြင်း (အခြေခံအဆင့်) ကြက်ခြေနီ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) စကားဝါဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် စမ်းချောင်းစဥ့်အိုးဖို ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြုဝေက သီတင်းကျွတ် ကျောင်းပိတ်ရက်ကာလတွင် သင်တန်းဖွင့်လှစ်ပေးသော ငပုတောမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့်တကွ ကျေးရွာ ရပ်မိ/ရပ်ဖတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းထူးချွန်ဆုရရှိသူများကို ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး သင်တန်းသား/ သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝေ၊ ငပုတောမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးတို့မှ အသီးသီး ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ခွဲမှုး ဦးသန့်ဇင်ဦးမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝေအား ဆေးအိတ်များ ပြန်လည်ပေးအပ်ရာ ဆရာမကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ (ငပုတော)