လိပ်သိုမြို့  လူထုအခြေပြုဗဟိုဌာန၌ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

လိပ်သို  အောက်တိုဘာ  ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး”အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က သစ်ပင်သစ်တော၏ အရေးပါပုံများ၊ ကမ္ဘာမြေကို ကာကွယ် ထိန်းသိမ်းဖို့ လူတိုင်းတတ်နိုင်သည့် နည်း(၅)ခု၊ ကမ္ဘာမြေကိုထိန်းသိမ်းရန် ကျွန်ုပ်တို့ ပြုလုပ်သင့်သည့်အချက်များ၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ကမ္ဘာကြီးကို ထိန်းသိမ်းပါ၊ လူရဲ့အကောင်းဆုံးမိတ်ဆွေဟာ သစ်ပင်ပါ၊ ရိုရိုသေသေသုံးပါ၊  သစ်ပင်တွေဟာ နည်းမျိုးစုံနဲ့ ရေကို ထိန်းသိမ်းပေးတယ်၊ သစ်တောတွေဟာ ကမ္ဘာမြေရဲ့ အဆုတ် ပါ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံး နံရံကပ်စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာပြသဆောင်ရွက်လျက်ရှိရာ ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရေးအတွက် ကျယ် ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသထားကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)