ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇကွဲ အိုမီခရွန်ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်းများ ဖြန့်ဝေခြင်းဆောင်ရွက်

ပလောက်   အောက်တိုဘာ  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကိုဗစ်ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် Mask Campaign ပြုလုပ်ပြီး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ပလောက်မြို့စည်ပင်သာယာစျေးကြီးအရှေ့နှင့် ပြည် ထောင်စုလမ်းမကြီးပေါ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာ​ဝန်ထမ်းများ၊အမှတ်(၁) ရပ် ကွက်အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးများ ပူးပေါင်း ကာဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ စျေးရောင်း၊ စျေးဝယ်လာပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း(mask)ကို စနစ်တကျ တပ်ဆင်သွားလာရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ မကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်လိုက်နာဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ရေပြည့် ထိုးနှံရန်နှင့် ထပ်ဆောင်းကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံသွားရန်စသည့် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇကွဲ(Omicron)ကြိုတင်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများကို အသိပညာပေး၍ နှာခေါင်းစည်း(mask)အခုရေ ၃၀၀ ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချိုချိုဌေး(ပလောက်ပြန်/ဆက်)