ပိုင်ကျုံ အောက်တိုဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
Mask Campaignဆောင်ရွက်ခြင်းလုပ်ငန်းကိုပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ လူစည်ကားသည့် နေရာများ၌ ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများကို Maskများ အခမဲ့ဝေငှပေးခဲ့ပြီး အများ ပြည်သူများ သိသင့်သိထိုက်သော ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ရှောင်ရန်/ဆောင်ရန်အချက်များအား အသိပ ညာပေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ လုပ်ငန်းကို ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး ပိုက်ကျုံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင် ၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လှိုင်းဘွဲမြို့နယ် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က ပူးပေါင်း၍ Mask Campaign လုပ်ငန်းကို အပတ်စဉ် တနင်္လာနေ့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)