ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာများအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ညောင်လေးပင် အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁၃:၀၀ နာရီက မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဦးခေမာစာရ (သုတသွေး -စံဖဲ) ကမုဒိတာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း (ဗဟို) အမှုဆောင်နှင့် မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်)က မြန်မာနိုင်ငံစာရေးဆရာအသင်း အစည်းအဝေးမှ အတွေ့အကြုံများအား ပြန်လည်မျှဝေ ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်း (မောင်စုမြင် -ညောင်လေးပင်)က မြန်မာနိုင်ငံ စာရေးဆရာအသင်း (ဗဟို)၏ ညွှန်ကြားချက်များနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တတ်ရောက်လာကြ‌သော စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ သိရှိလိုသည်များအား အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဟိန်းသူနိုင်(ပြန်/ဆက်)