ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဂိမ်းပြိုင်ပွဲကျင်းပ

ထီးချိုင့် အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျောင်းသား/ သူလေးများ ကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကာယဉာဏစွမ်းရည်ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ဂိမ်းပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လဲ့လဲ့ခိုင်က စာကြည့်တိုက်အသုံးပြုတတ်သည့် အလေ့အကျင့်ကောင်းများရှိစေရန်နှင့် ကျောင်းစာအပြင် ပြင်ပ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကိုကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ခင်အုန်းမြင့်မှဦးဆောင်၍ ဉာဏ်စမ်းပုံဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် အရုပ်ခေါက်ပြိုင်ပွဲများအား ကျောင်းသား/ သူများဖြင့် ကျင်းပခဲ့ရာ ကလေးများမှ စိတ်ပါဝင်စားစွာပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။

ရဲလင်းထွန်း ( ထီးချိုင့်)