ဒိုက်ဦးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆက်သွယ်ရေးတာဘောင် ပေ(၃၀)ခန့် ကျိုးပေါက်

ဒိုက်ဦး အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက်နေ့ ညပိုင်းအချိန်တွင် မိုးရေချိန် (၂၁၈)လက်မ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယမန်နေ့နံနက် ၆ နာရီခန့်တွင် ဒိုက်ဦးမြို့နယ်၊ ပျဉ်ပုံလေးကျေးရွာအုပ်စု အနောက်ဘက်ရှိ ကွင်းအမှတ် (၃၁၆) တွင် ကောလိယချောင်းဘောင်ပေါ်သို့ ရေလျှံပြီး ပျဉ်ပုံလေး-သပြေတန်းဆက်သွယ်ရေးတာဘောင် ပေ(၃၀)ခန့် ကျိုးပေါက်ခဲ့ရာ စပါးစိုက်ခင်းများအတွင်း ရေများ စီးဝင်လျက်ရှိပြီး အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)