ချောက် စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီးချောက်မြို့နယ်၌ ယမန်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှချောက် မြို့နယ်အတွင်းရှိတောင်သူ လယ်သမားများ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ၏ ဂယက်ကြောင့် မြန်မာနိုင်ငံ လယ်ယာ စိုက်ပျိုးရေးကဏ္ဍအပေါ်တွင် အတိုင်းအတာ တစ်ခုအထိ ထိခိုက်မှုများ ရှိနိုင်သည်ဖြစ်ရာ ထိခိုက်မှုရှိသည့် တောင်သူလယ်သမားများသို့ ငွေကြေးပံ့ပိုးမှု ကိုဗစ်-၁၉ကာလ အထူးချေးငွေ ထုတ်ချေးမှုအဖြစ် ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့သည်။
ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန် ချက်များနှင့် အညီ မြို့နယ်အတွင်းရိှ တောင်သူလယ်သမား လယ်ယာကုန်ထုတ်လုပ်ငန်း တိုးတက်မှု ရှိလာစေရန် အတွက် ငွေကြေးပံ့ပိုးထုတ်ချေးခြင်းကို ကျေးရွာအုပ်စု ၅၀ အုပ်စု၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ အဖွဲ့၀င် တောင်သူပေါင်း ၁၁၇၄၅ ဦး၊ တစ်ဧက ၅ သောင်းနှုန်းဖြင့် ဧကပေါင်း ၇၀၂၀၅ ဧကအတွက် ချေးငွေစုစုပေါင်းငွေကျပ် ၃၅၁၀၂.၅၀ သိန်းကို စက်တင်ဘာလ ၁၆ ရက်နေ့က တောင်သူ လယ်သမားများအားလုံး ငွေကြေးပံ့ပိုး ထုတ်ချေးမှုပြီးစီး ခဲ့ကြောင်း ချောက်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူပြောပြချက်အရ သိရ သည်။
ကျော်မိုး(ပြန်/ဆက်)