ဝေါ အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးခရိုင်၊ စားသုံးရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက စားသုံးသူများ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို မြို့နယ်လူထုအခြေပြု ဗဟိုဌာန (Community Centre )၌ ကျင်းပသည်။
ဆွေးနွေးရာတွင် ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က အသိပညာပေးဆွေးနွေးပွဲ (Talk Show)များ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးခရိုင်၊ စာသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဆန်းဝင်းက ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူကာကွယ်ရေးဆောင်ရွက်ရာတွင် ကုန်ညွှန်းအမှတ်အသား ဥပဒေနှင့်အညီ ပြည့်စုံမှုရှိ၊ မရှိ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်ပါ အကြောင်းအရာများ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များရဲ့ တာဝန်များ၊ စားသုံးသူများ တောင်းဆိုနိုင်သည့် အခွင့်ရေးများ၊ နစ်နာသည့်စားသုံးသူများ တိုင်ကြားနိုင်မည့်အခြေ အနေများနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိသင့် သိထိုက်သည်များ၊ စားသုံးသူများအား အကာအကွယ်ပေးမှု အစီအစဉ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ပြည်သူများသိရှိစေရန် အသိပညာပေး ဆွေးနွေးကြောင်း သိရသည်။
စိုးမိုး (ပြန်/ဆက်)