ကလေး အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသား/ကျောင်းသူများ၏ စွမ်းဆောင်ရည်မြှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းအောင်က ယခုကဲ့သို့ ပြိုင်ပွဲများကျင်းပပေးခြင်းအားဖြင့် ကျောင်းသားလူငယ်များကို အထွေထွေဗဟုသုတ၊ ဖတ်မှတ်စွမ်းများမြင့်မားလာပြီး စာဖတ်သည့် အလေ့ကျင့်ကောင်းများ ရရှိလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန်အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများမှ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ အင်္ဂလိပ်စကားလုံးဆက် ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြရာ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သူများနှင့် ဆုရရှိသူများအတွက် ဆုများနှင့် လက်ဆောင်ပစ္စည်းများကို မြို့နယ်ဦးစီးမှူးမှ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကလေး(ပြန်/ဆက်)