ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်အသက်(၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် အမျိုးသားလူမှုရေးပင်စင် များကို ယနေ့ နံနက် ၉ နာရီက အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်မှ အဘိုးအဘွား (၇)ဦးနှင့် လေညာအရှေ့ရပ်ကွက်ရှိ အဘိုးအဘွား (၂)ဦးတို့ အား အိမ်တိုင်ရာရောက် သွားရောက်ဂါရဝပြုပေးအပ်ခဲ့ကြသည်။ ပြည်ကြီးမဏ္ဍိုင် မြို့ပေါ်ရပ်ကွက်တွင် အသက် (၈၅) နှစ်နှင့်အထက် အမျိုးသား လူမှုရေးပင်စင်ရရှိသူ သက်ကြီး ဘိုးဘွား စုစုပေါင်း(၉)ဦးရှိပြီး၊ တစ်ဦးလျင် (၃၀၀၀၀) ကျပ်ကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ် ရေးမှူးများမှ လိုက်လံပေးအပ်ခဲ့ကြောင်းသိရသည်။
မျိုးလွင်(ပြန်/ဆက်)