ချောက်မြို့နယ်ကြက်​ခြေနီအသင်းခွဲနှင့်မြို့နယ်ပညာ​ရေးဌာနတို့ပူး​ပေါင်းဖွင့်လှစ်​သောအ​ခြေခံ​ရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဉ်(၅/၂၀၂၂) သင်တန်း ဆင်းပွဲကျင်းပ

ချောက်  အောက်တိုဘာ   ၁၅

မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်ခရိုင်၊ ​ချောက်မြို့နယ်တွင် မြို့နယ်ကြက်​ခြေနီအသင်းခွဲနှင့်မြို့နယ်ပညာ​ရေးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်​သော အ​ခြေခံ​ရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ်(၅/၂၀၂၂) သင်တန်းဆင်းပွဲကို ယ​မန်​နေ့ နံနက် ၁၀နာရီခွဲအချိန်က အမှတ်(၂)အ​ခြေခံပညာအထက်တန်း​ကျောင်းရှိ စွယ်​တော်​ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

​​ရှေးဦးစွာ မြို့နယ်ဒုတိယပညာ​ရေးမှူးဦးထွန်းဆင့်ဝင်းက အဖွင့်အမှာစကား​​​ပြောကြား​ပြီး မြို့နယ်ကြက်​ခြေနီသူနာပြုတပ်ဖွဲ့တပ်ခွဲမှူး ဦးသန်းဝင်းက ကြက်​ခြေနီသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။

ထို့​နောက် အမှတ်(၂)အ​ခြေခံပညာအထက်တန်း​ကျောင်း ​ကျောင်းအုပ်ဆရာမကြီး​ဒေါ်​အေး​အေးကြူ က​ကျေးဇူးတင်စကား​ပြောကြားခဲ့ပြီး ကြက်​ခြေနီသူနာပြုတပ်ဖွဲ့တပ်ခွဲမှူးမှ သင်တန်း/ သင်တန်းသူများအား သင်တန်းဆင်း​အောင်လက်မှတ်များ​ပေးအပ်ခဲ့သည်။ ယင်း​နောက်မြို့နယ် ဒုတိယပညာ​ရေးမှူးဦးထွန်း ဆင့်ဝင်း၊ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီး အရာရှိ​ဒေါ်သိမ့်ဝါ၊ ကြက်​ခြေနီသူနာပြုတပ်ဖွဲ့တပ်ခွဲမှူး၊ဒုတပ်ခွဲမှူးနှင့် ကျောင်းအုပ်ဆရာမကြီး တို့ကသင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်း/သင်တန်းသူများကို ဆုများအသီးသီး​ပေးအပ် ချီးမြှင့်ခြင်း​​ကျောင်းအုပ်ဆရာမ​ကြီးက သင်တန်းနည်းပြဆရာများအား အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ခြင်းများ ဆောင်ရွက်ခြင်းခဲ့ပြီး တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား/သူများစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့​သည်။

အဆိုပါသင်တန်းကို​အောက်တိုဘာ ၁၁ ရက်​နေ့ မှ ​အောက်တိုဘာ ၁၄ ရက်​နေ့အထိ ဖွင့်လှစ်ခဲ့​ပြီး သင်တန်းတွင်သင်တန်းသား၁၂ဦး၊သင်တန်းသူ ၂၃ ဦး စုစု​ပေါင်း ၃၅ဦးတက်​ရောက်ခဲ့​ကြောင်း သိရသည်။

 (မြို့နယ်ပြန်/ဆက်)