လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ခန္တီး အောက်တိုဘာ ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများအနေဖြင့် အများပြည်သူအသိပညာ ပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွင်ခြင်း၊ မိမိဌာနအတွင်းရှိ ဝန်ထမ်းများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဌာနတွင်းစာဖတ်ဝိုင်များ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Cemtre ခန်းမတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့် ပန်းလိုချင် အပင်ကိုပျိုးတတ်မှ စာအုပ်မှ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က ကိုယ်ကျင့်ကောင်း၍ စိတ်ကောင်းရှိပါစေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးခန့်က အနစ်နာခံ၍ ကူညီတတ်ပါစေခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)