ကေ့ာကရိတ်ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲများပြုလုပ်

ကေ့ာကရိတ် အောက်တိုဘာ ၁၅

ကျောင်းသူကျောင်းသားများ  ကျောင်းပိတ်ရက်တွင်အချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်၊ ကာယဥာဏ စွမ်းရည်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ပြည်သူ့စာကြည့်တိုက်၌  ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲများကို ယမန်နေ့နံနက်၁၁နာရီ အချိန်၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်မျိုးဝင်းက ကလေးသူငယ်များ စာကြည့်တိုက်ကိုအသုံးပြုတက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ကာယဥာဏစွမ်းရည်ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍  ပြိုင်ပွဲများပြုလုပ်ပေးခြင်း ဖြစ် ကြောင်းပြောကြားသည်။

ထိုနောက်မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ရာ ကလေးသူငယ်များ စိတ်ဝင်းတစ်စားပါဝင်ယှဥ်ပြိုင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)