ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်ရပ်ကွက်အတွင်းရှိ မသန် စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီပွားရေးကုစားမှု အစီအစဉ်ဖြင့် (၁) ဦးလျင် ငွေကျပ် (၃၀၀၀၀) နှုန်းကို အိမ်အရောက် ထောက်ပံ့ပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို ယမန်နေ့က လူမှုဝန်ထမ်းဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူးတာဝန်ရှိသူများသို့ ပေးအပ်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းကစ၍ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခြင်း ဖြစ်ကြောင်း နှင့် ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်တွင် မသန်စွမ်းသူ (၉) ဦးနှင့် လေညာအရှေ့ရပ်ကွက်တွင် မသန်စွမ်း သူ (၈)ဦး စုစုပေါင်း (၁၇) ဦးတို့အား တစ်ဦးချင်းစီလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးများ ထံမှသိရှိရသည်။
မျိူးလွင်(ပြန်/ဆက်)