ပင်လည်ဘူး စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော် အစိုးမှ အိမ်ထောင်စု တစ်စုလျင် ငွေကျပ်၂၀၀၀၀ နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ပင်လည်ဘူးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၆၆ ရွာရှိပြီး အခြေခံလူတန်းစား အိမ်ထောင်စု စုစုပေါင်း (၇၇၁၅)ခုတို့ရှိကာ အိမ်ထောင်စု တစ်စုလျင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ငွေကျပ် (၁၅၄၃)သိန်းတို့ကို စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်နောင်နှင့် သက်ဆိုင် ရာ တာဝန်ရှိသူများက နယ်မြေဒေသများအလိုက် ခွဲဝေချထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)