ကျိုက်လတ် အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့ မွန်းလွဲ (၁)နာရီက စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်း စရာ Talk Show ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က Talk Show ကျင်းပပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်လတ် မြို့နယ် တာဝန်ခံ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရန်ဆိုသည့် မျှော်မှန်းချက် ချမှတ်ထားရှိကြောင်း၊ ရည်မှန်းချက်အားဖြင့်လည်း စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ပေးရေး ဆောင်ရွက်ရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်ဆိုသည့် ရည်မှန်းချက်(၃)ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ယခုဆောင်ရွက်နေသည့် လုပ်ငန်းများ အကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းတို့ကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ရီရီမြင့်