မြန်အောင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြံခင်းမြို့တွင်ဈေးနှုန်းချိုသာစွာဖြင့် ငါးများရောင်းချပေး

ကြံခင်း  အောက်တိုဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ငါးမွေးကန်လုပ်ငန်းရှင်များစုပေါင်းပြီး ကြံခင်းမြို့နေပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်နှင့်  ဈေးနှုန်းချိုသာစွာစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက်(၈) နာရီအချိန်က ကြံခင်းမြို့ မြို့မဈေး ဈေးတာဝန်ခံရုံးရှေ့တွင် ရောင်းချပေးကြောင်းသိရသည်။

အဆိုပါရောင်းချခြင်းကို ခရိုင်ငါးလုပ်ငန်းဦးစီးဌာနယာယီတာဝန်ခံနှင့် တာဝန်ရှိသူများက ငါးမြစ်ချင်းငါးအချိန် (၃၀)ပိသာရောင်းချပေးမှာဖြစ်ပြီး (၃၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချပေးရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းတန်နှင့် အဖွဲ့ဝင်များက ဒေသခံပြည် သူများ ဈေးနှုန်းချိုသာစွာ ငါးဝယ်ယူမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)