ကညင်ကုန်းကြီးကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

အိမ်မဲ အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကညင်ကုန်ကြီးကျေးရွာတွင် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယနေ့ နံနက် ၁၀ နာရီတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များက အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ကဏ္ဍအလိုက်အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကညင်ကုန်းကြီးကျေးရွာအုပ်စုမှ ပြည်သူစုစုပေါင်း (၂၅၀)ခန့် တက်ရောက်ခဲ့ပြီး ကျေးရွာအတွက် လိုအပ်သောအချက်အလက်များကို တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ)