ညောင်တုန်းမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ နှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ညောင်တုန်း  အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကင်းစံရာကျေးရွာရှိ ရန်ကင်းအောင်မြင်ကျောင်းတိုက်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်() ဗိုလ်မှူးအောင်မျိုးသူ၊ အဖွဲ့ဝင်() ဦးဇော်လွင် ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးစသည့် ရည်ရွယ်ချက်များဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီးသက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်များက ရပ်ရွာအေးချမ်းသာယာရေး၊ နယ်မြေလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မှုခင်းကျဆင်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးရေးနှင့် ပတ်သက်သည့်အကြောင်းအရာများ စသည့် ကဏ္ဍများအလိုက် ဆွေးနွေး၍ တက်ရောက်လာသည့် ပြည်သူများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)