ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကမမောင်း အောက်တိုဘာ ၁၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာမ “ဒေါက်တာခင်စန်းမော်” ရေးသားသည့် “ပညာရှင်စိတ်ထား” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁) နာရီအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃(အင်အားပြ) ဒေါ်တင်တင်လှမှ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ရုပ်သံကျွမ်းကျင်-၃(အင်အားပြ) ဦးသန့်ဇင်ဝင်းက Professional ဆိုတာ ပညာရှင်ပီသသူကိုခေါ်တာ၊ Professionalism ဆိုတာက ပညာရှင်တွေထားရှိအပ်တဲ့ ပညာရှင်စိတ်ထားဖြစ်ပါတယ်၊ ပညာရှင်စိတ်ထားဟူသည် အရည်အသွေးအပြည့်ဝဆုံး၊ ကိုယ်ကျင့်သိက္ခာအရှိဆုံးနဲ့ ကတိပေးထားတဲ့အတိုင်း ၁၀၀% အပြည့်ဆောင်ရွက်တာကိုပြောတာဖြစ်ကြောင်း စသည့်အကြောင်းအရာများကို အသေးစိတ်ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတက်ရောက်လာသူများ စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းနှင့် စာဖတ်ဝိုင်းအား ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သန့်ဇင်ဝင်း