ကျောင်းကုန်း အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံထုတ်ချေးမှုကို ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က စတင်ထုတ်ချေးပေးခဲ့သည်။
ကျောင်းကုန်းမြို့နယ်၊ ဆိပ်ဖူးနီအုပ်စု၊ ဆိပ်ဖူးနီကြီးကျေးရွာရှိ တောင်သူ (၂၄)ဦး၏ စပါးစိုက်ဧက(၁၁၅) တစ်ဧကလျှင် ငွေကျပ် (၁)သိန်း (၅)သောင်းနှုန်းဖြင့် လည်းကောင်း၊ ပဲမျိုးစုံစိုက်ဧက (၅၉)ဧကအား တစ်ဧကလျှင် ငွေကျပ်(၁) သိန်းနှုန်းဖြင့် စုစုပေါင်းစိုက်ဧ (၁၇၄)ဧကအတွက် ငွေကျပ်(၂၃၁.၅၀)သိန်းကိုတာဝန်ရှိသူများက ထုတ်ချေးပေးခဲ့ကြသည်။
အဆိုပါ ဆောင်းသီးနှံထုတ်ချေးပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးဝေလင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်ဌေးတို့ တက်ရောက်ခဲ့ကြပြီး၊ ဆိပ်ဖူးနီကြီးကျေးရွာမှ တောင်သူများအား ဆောင်းသီးနှံ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)