ကလိန်အောင် အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပုံတူဆွဲပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ပြီး မွန်းလွဲ(၁)နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ကျောင်းသားကျောင်းသူများ၊ ကလေးလူငယ်လူရွယ်များ သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွးများ ကောင်းမွန် စေရန် အသိပညာများတိုးပွားလာစေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။
အဆိုပါ ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှကျောင်းသားကျောင်းသူများ ကလေး လူငယ်လူရွယ်များ ပါဝင်ယှဉ်ပြိုင်ကြပြီး ပုံတူဆွဲပြိုင်ပွဲကို မိမိတို့ စိတ်ကြိုက် ရုပ်ပုံများကို ဆွဲခဲ့ကြ ပြီး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ ကြောင်းသိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)