သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်

သရက်ချောင်း အောက်တိုဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာခွဲအချိန်က ကိုဗစ်-၁၉မျိုးကွဲသစ်မျိုးအိုမီခရွန်ရောဂါစောင့် ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ Mask Campaign လှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ Mask Campaign များဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမိုးထွေးဦး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်‌‌ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ စျေးရောင်းစျေးဝယ်လာသည့်ပြည်သူများအား(Mask)နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းနှင့်အသိ ပညာပေး သတင်းစကားများ ပြောကြားပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)