သရက်ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

သရက်ချောင်း  အောက်တိုဘာ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့မရပ်ကွက်ရှိ စည်ပင်သာယာမြို့မစျေးတွင် ဒေသခံပြည်သူများအားမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ​မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးတင်စွမ်၊ မြို့နယ်မီးသတ်ဦးဌာနမှ ဦးစီးမှူး ဦးသက်နိုင်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဦးမျိုးဇော်ဦးတို့က သရက်ချောင်းမြို့မရပ်ကွက်ရှိ စည်ပင်သာယာ မြို့မ စျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူးများ ရက်လွန်ခြင်း ရှိ/မရှိ စစ်ဆေးနှင့် မီးဘေးလုံခြုံရေး အသိပညာပေး သတင်းစကားများပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)