ပွင့်ဖြူ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်း ကလေးငယ်များအပေါ် အဓမ္မခိုင်းစေမှု၊ မတော်မတရား ညှင်းပန်းနှိပ်စက်ခြင်းများနှင့် ကလေး အလုပ်သမား ပပျောက်စေရေးအတွက် ရည်ရွယ်ကာ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီမှ ထုတ်ဝေသည့် ကလေးအလုပ် သမား ပပျောက်ရေး အလင်းတန်း လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၉ နာရီခွဲက မြို့ပေါ်လမ်းဆုံလမ်းခွများရှိ ခရီးသွားပြည်သူများနှင့် ဒေသခံ ပြည်သူများ၊ ပွင့်ဖြူမြို့ (အ.ထ.က) ကျောင်းရှိ ရပ်/ကျေး ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းသို့ သွားရောက်ပြီး အခမဲ့ လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့ပေါ်လမ်းဆုံ လမ်းခွများရှိ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ ၊ ဌာနဆိုင်ရာရုံးများနှင့် ပွင့်ဖြူမြို့၊ (အ.ထ.က) ကျောင်းရှိ ရပ်/ကျေးရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း တက်ရောက်နေသည့် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ကလေးအလုပ်သမား ပပျောက်ရေး အလင်းတန်း လက်ကမ်းစာစောင် စောင်ရေ ၅၀၀ အား အခမဲ့ လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ အလင်းတန်း လက်ကမ်းစာစောင်တွင် ကလေးသူငယ်ဘဝ ဘေးကင်းလုံခြုံရေး ဆောင်ရွက် ပေးရမည့်အချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်ချက်(၃)ရပ် ၊ ကလေးအလုပ်သမား အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကလေး ငယ်များအတွက် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်နှင့် အလုပ်များ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် ဆိုးရွားသော ပုံစံဖြင့် ခိုင်းစေခြင်းများ၊ ကလေးငယ်များ ဘဝ မြှင့်တင်ရေးနှင့် ပက်သက်သော ကဗျာများ ပါဝင်ကြောင်း သိရပြီး ယနေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်နှင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်အတွင်း ကလေးအလုပ်သမား ပပျောက်စေရန်နှင့် ကလေးငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင် ပေးနိုင်ရေးအတွက် ပြည်သူများ လေ့လာဖတ်ရှုနိုင်ရေး လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)