ကော့ကရိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများပြုလုပ်

ကော့ကရိတ် အောက်တိုဘာ ၁၄

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသူ၊ကျောင်းသားများ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတက်စေရန်၊ ကာယ ဥာဏစွမ်းရည် တိုးတက်စေရန်၊ စာကြည်တိုက်ကိုအသုံးပြုတက်စေရန်ရည်ရွယ်၍ ပုံပြင်ပြော ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့နံနက်၁၁နာရီအချိန်က အဆိုပါရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်မျိုးဝင်းက ကလေးသူငယ်များ စာကြည့်တိုက်ကိုအသုံးပြုတက်သည့် အလေ့အကျင့်ကောင်းများရရှိ စေရန်အတွက် ပြိုင်ပွဲများပြုလုပ် ပေးခြင်းဖြစ်ကြောင်းပြောကြားသည်။

ထိုနောက်ပုံပြင်ပြောပြိုင်ပွဲကျင်းပရာ ဇတ်လမ်းနှင့်သရုပ်ဖော် ထွန်းထွန်းဝင်းရေးသားသည့် သစ်ပင်လေးတွေ စိုက်ကြမယ် ပုံပြင်နှင့်မိမိစိတ်ကြိုက်ပုံပြင်များကို ကလေးသူငယ်များက ပြောကြားကြသည်။ ယင်းနောက် ဘောလုံးပစ်ပြိုင်ပွဲ၊ ပင်ဘောင်ပစ်ပြိုင်ပွဲ၊ သရေကွင်းသယ် ပြိုင်ပွဲများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့် ကလေးသူငယ်များကို အလှူရှင်တစ်ဦးမှ ပဲနို့နှင့်အာဟာရမုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)