ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသ

ပေါက်ခေါင်း      အောက်တိုဘာ      ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီကစာအုပ်ပြပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ပြပွဲများကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ အသစ်ရောက်ရှိသည့် သုတ၊ ရသစာအုပ်များကို မိတ်ဆက်ပြောကြားသည်။ ထို့နောက် စာအုပ်ပြပွဲသို့တက်ရောက်လာသော စာအုပ်စာပေချစ်မြတ်နိုးသူများ၊ ဌာနဆိုင်ရာများနှင့် စာငှားပရိတ်သတ်များက Community Centre ခန်းမအတွင်း ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များကိုလေ့လာကြည့်ရှုပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး မှတ်တမ်းဓာတ်ပုံများပါရှိသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)