ပိုင်ကျုံ အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ အများပြည်သူများ သွားလာမှုလွယ်ကူစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းများ၊ တံတားများ အုတ်စီရေမြောင်းများ တည်ဆောက်ပေးလျက်ရှိပြီး မြို့သာယာလှပရေးအတွက် Flower Box များ တည်ဆောက်ပေးလျက်ရှိသည့်အပြင် ယနေ့နံနက်ပိုင်းက အလှပန်းပင်များစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် အလှပန်းပင်များ စိုက်ပျိုးရန်အတွက်မြေဆွေးချခြင်းနှင့်အလှပန်းပင်များဖြစ်သည့် ပုဏ္ဏားရိပ် (၈၀) ပင်နှင့် သပြေဘူတ (၆၀) ပင် စုစုပေါင်း (၁၄၀) ပင်အား စိုက်ပျိုးရန်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၃.၃၂) သန်းဖြင့် ခွင့်ပြုစိုက်ပျိုးလျက်ရှိကြောင်း၊အလှပန်းပင်များရှင်သန်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများက ပေါင်းသင်ခြင်း၊ ရေလောင်းခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
နော်ခူး (ပြန်/ဆက်)