ရွှေကျင်မြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ရပ်ကွက်များအတွင်းသို့ စာငှားဝန်ဆောင်မှု ဆောင်ရွက်

ရွှေကျင် အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက်ပိုင်းက ညောင်ဝိုင်းရပ်ကွက်အတွင်းသို့ စာအုပ်စာစောင်များ ကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။

ထိုသို့ စာငှားဝန်ဆောင်မှုပြုလုပ်ရခြင်းမှာ စာကြည့်တိုက်သို့ အလုပ်တာဝန်များ မအားလပ်၍ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းရန် ခက်ခဲသူများအတွက် သုတ၊ ရသ စာအုပ်စာစောင်‌များ ဖတ်ရှုခြင်းဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပိုမိုရရှိလာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီး ကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍  ညောင်ဝိုင်းရပ်ကွက်သို့ သွားရောက်၍  သုတ၊ ရသစာအုပ်များ ငှားရမ်းပေးခဲ့ပြီး အသင်းဝင်အသစ်များကိုလည်း စာငှားကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)